Android Image Loading With Glide

Glide ဆိုတာဘာလဲ

Glide ဆိုတာကတော့ Android မှာ image ကို URL နဲ့ ထည့်ပြီးပြတဲ့အခါမှာ အဓိကသုံးတဲ့ library တစ်ခုပါ။ ကိုယ်ပြချင်တဲ့ Image ရဲ့ URL ရယ် Image ပြမယ့် ImageView ရယ်ကို ထည့်ပေးရုံနဲ့ Image ကို cache တွေ memory management တွေ အလိုအလျောက်လုပ်ပေးပြီး ပုံကို ပြပေးနိုင်ပါတယ်။

Glide ကို ဘယ်လိုသုံးမလဲ

Glide ကိုစသုံးဖို့အတွက် app ရဲ့ gradle dependencies ထဲမှာ glide library နဲ့ glide ရဲ့ annotation processor ကိုအရင်ထည့်ရပါတယ်။

dependencies {
    implementation 'com.github.bumptech.glide:glide:4.7.1'
    annotationProcessor 'com.github.bumptech.glide:compiler:4.7.1'
}

dependencies တွေထည့်ပြီးတဲ့အခါမှာ Glide ကို App ရဲ့ ကြိုက်တဲ့နေရာမှာ ခေါ်သုံးနိုင်ဖို့အတွက် GlideModule class တစ်ခုဆောက်ပေးရပါတယ်။ class name ကို မှတ်ရလွယ်အောင် ကိုယ့်ရဲ့ Project Name + GlideModule ဆိုပြီး ပေးလို့ရပါတယ်။ ဒီ sample မှာတော့ Book Application အတွက် BookApplicationGlideModule ဆိုပြီး class ဆောက်လိုက်ပါမယ်။

BookApplicationGlideModule (source code)

import com.bumptech.glide.annotation.GlideModule;
import com.bumptech.glide.module.AppGlideModule;

@GlideModule
public class BookApplicationGlideModule extends AppGlideModule {
}

class က AppGlideModule ကို extend လုပ်ပေးရပြီးတော့ class ကို @GlideModule နဲ့ annotate လုပ်ပေးရပါတယ်။ class body ထဲမှာ ဘာမှရေးစရာ မလိုပါဘူး။

GlideModule class ဆောက်ပြီး ရင် Project ကို rebuild ပြန်လုပ်ပါ။ Rebuild ပြန်လုပ်ပြီးရင်တော့ GlideApp. ဆိုပြီးတော့ စသုံးနိုင်ပါပြီ။

GlideApp.with(MainActivity.this)                      //context
              .load("http://tiide.org/img/tlogo.png")   //url
              .into(MyImageView);                     //ImageView

Glide library ကို https://gitlab.com/anntphyothwin/android-archi-sample/ မှာ အသုံးပြုပေးထားပြီး Retrofit network request က ရတဲ့ Image Url တွေကို UI မှာ ဘယ်လို load လုပ်ပြလဲဆိုတာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Sign In or Register to comment.