Android Studio Installing on Window

ကျနော်တို့ အခု Android Studio ကို Window မှာတင်ဖို့အတွက် လိုအပ်တဲ့ Data တွေကို Sharing လုပ်ပေးချင်ပါတယ်။

Forum မှာတစ်ယောက်တင်ထားတဲ့ ဟာက Linux မှာတင်ဖို့အတွက်ဆိုတော့ Window အတွက်လဲ sharing လုပ်ပေးချင်ပါတယ်။

ကျနော်လက်ရှိသုံးနေတဲ့ SDK(update to date) ကိုပါ sharing လုပ်ပေးထားပါတယ်။ Size ကတော့ 8GB ကျော်လောက်ရှိပါတယ်။ .rar နဲ့သိမ်းပြီး Drive ပေါ်တင်ပေးထားပါတယ်။

တစ်ယောက်ဒေါင်းပြီး ကျန်တဲ့သူတွေကို sharing ပေးသုံးလို့ရပါတယ်။ SDK ကိုပြန်ဒေါင်းစရာမလိုတော့ပါဘူး။

ကျနော်တို့ အရင်ဆုံး Android Studio ကို Developer Android မှာ အရင်ဆုံးသွားဒေါင်းပေးပါနော်။ ဒေါင်းရတာမခက်ပါဘူး။ အခု နောက်ဆုံး Stable Version က 3.1.2 ပါ size က 758 MB ရှိပါတယ်။

တခြား Canary မှာဆို 3.2 ကိုထွက်နေပါပြီ။ Stable တော့မဟုတ်သေးပါဘူး။ စမ်းသုံးဖို့အတွက် တင်ပေးထားတာပါ။ သူကတော့ .exe နဲ့မဟုတ်ပါဘူး။ Portable အနေနဲ့သုံးလို့ရအောင်လုပ်ပေးထားတာပါ။ စမ်းသုံးချင်မှဒေါင်းပါ။ အောက်မှာ Link ၂ ခု ပေးထားပါတယ်။ ပထမ Link က Stable version အတွက်ပါ ဒုတိယ Link က Canary အတွက်ပါ။

DOWNLOAD 3.2 CANARY 16 for Windows 64-bit(990MB)

3.1.2 for Windows 64-bit (758 MB)

Android studio သုံးမယ်ဆိုရင်တော့ ကိုယ့်စက်က အနိမ့်ဆုံး RAM 4GB လောက်ရှိမှ သုံးလို့အဆင်ပြေမှာပါနော်။ RAM 4GB တောင် နဲပါသေးတယ်။ ကျနော်အရင် Lenovo intel လေးမှာလဲသုံးဖူးပါတယ်။ ဒါပေမဲ့ မသွက်ပါဘူး။ တော်တော်လေးပါတယ် Build လုပ်တဲ့နေရာမှာ တော်တော်ကြာပါတယ်။ သူ့ဖွင့်ထားရင် Chrome တို့ Firefox တို့ကိုလှမ်းသုံးလို့မရပါဘူး။ သွားသုံးလိုက်ပြီဆိုတာနဲ့ အကုန်လုံးလေးကုန်ပါတယ်။

အခုလက်ရှိကတော့ HP RAM 4GB မှာ ၁ နှစ်လောက်ကြာအောင်သုံးခဲ့ပါတယ်။ အဆင်မပြေလို့ RAM 4GB တစ်ချောင်းထပ်စိုက်ထားရပါတယ်။ ဒါတောင် တစ်ခါတစ်လေ ကျရင် Project ကြီးရင် Build လုပ်တဲ့အချိန်ကျရင် ဟန်းနေတက်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့သုံးတက်တဲ့သူဆိုရင်တော့ အဆင်ပြေပါတယ်။

အဲဒေါင်းထားတဲ့ကောင်တွေက SDK မပါတဲ့ကောင်တွေပါ။ SDK ပါပြီးသား .exe တွေလဲရှိပါတယ်။ ဒါပေမဲ့ SDK ပါလဲ Upgrade ထပ်လုပ်ရသေးတာပါပဲ အဲအတွက် ကျနော်တို့ ပြင်ပကနေ SDK ဒေါင်းပြီး ထည့်ပေးလဲရပါတယ်။ SDK ဒေါင်းဖို့ အောက်က Link ကနေသွားဒေါင်းပေးပါ။

SDK Download

ကျနော့် SDK က System Image file တွေမပါပါဘူး ပါလဲ ၂ ခုလား ၃ ခုလားမသိဘူး ပါပါတယ်။ ပါတဲ့ကောင်ကလဲ 27 အထက်ကကောင်လားမသိဘူး။ ကျနော် သေချာမကြည့်ထားမိလို့ အတိအကျတော့မပြောတက်ပါဘူး။ အရင်ကတော့ ရှိသမျှ System Image file တွေအကုန်ဒေါင်းဖူးတယ် အဲတော့ SDK size က 50GB လောက်ဖြစ်သွားတယ်။

ကျနော်တို့အနေနဲ့ က System Image file တွေကမလိုအပ်ပါဘူး။ သူက Emulator အတွက်သုံးတာပါ။ ကျနော်တို့ Emulator မှာ မ Run ပါနဲ့ တော်တော်လေးပါတယ်။ ကိုယ့်ဖုန်းနဲ့ ကိုယ် Run ထာအကောင်းဆုံးပါ။ အဲလိုမှမဟုတ်ဘူး Emulator နဲ့ပဲ စမ်းချင်တယ်ဆိုရင်တော့ ကျနော်တို့ Genymotion ဆိုတဲ့ Emulator ရှိပါတယ်။ အဲကောင်က Studio ကပါတဲ့ Emulator ထက်တော့နဲနဲ့သွက်ပါသေးတယ်။ အဲကောင်ကိုတော့ ထပ်ဒေါင်းပေးရမှာပါ။ Studio ကကောင်နဲ့သုံးမယ်ဆိုရင်တော့ Down စရာမလိုပါဘူး။ လိုတာက System Image file တွေပဲဒေါင်းပေးရမှာပါ။ သူ့ ဒေါင်းဖို့အတွက်တော့ Account ဖွင့်ပြီးမှ ဒေါင်းလို့ရပါတယ်။

Gennymotion Download

ကျနော်တို့ တစ်ခုသတိထားရမှာက Studio တင်ပြီးသွားလို့ ဖွင့်လာရင် Computer ကို Data access(Internet access) မပေးပါနဲ့ ဒီတိုင်းပဲ ဖွင့်လိုက်ပါ။ အဲကျရင် SDK missing ဆိုပြီးပြရင် ကျနော်တို့ အပေါ်မှာ ဒေါင်းခဲ့ SDK ကို Extract ဖြည်ချပြီး အဲကောင်ရဲ့ Path ကို AS(Android Studio) မှာ ထည့်ပေးလိုက်ပါ။ SDK path မှာ space မပါပါစေနဲ့နော်။ ပါရင် သူက Project Build လုပ်ရင် SDK ကိုရှာမတွေ့ဘူးဆိုပြီးပြောပါတယ်။(တစ်ခါတစ်လေမှပါ။) e.g SDK Path (D:/Android_SDK/sdk/) အဲလိုနော်။ Wrong SDK Path(D:/Android SDK/sdk/) အဲလိုဆိုရင် တစ်ခါတစ်လေကျရင် အဆင်မပြေဖြစ်တက်ပါတယ်။

SDK ထည့်လို့ပြီးသွားရင် ကျနော်တို့ Down ဖို့အတွက်ပဲ ကျန်တာက junit တို့ gradle တို့ပဲ Down ဖို့ကျန်ပါတယ်။ gradle ကတော့ Android Studio 3.1.2 မှာသုံးတဲ့ gradle က size 80MB ကျော်လောက်ရှိပါတယ်။ 3.2 မှာသုံးတဲ့ Gradle ကတော့ 100MB ကျော်ပါတယ်။ ကျနော်တို့ ထပ် Down ဖို့လိုတာကတော့ 200 MB ကျော်လောက်ရှိမယ်ထင်ပါတယ်။ အဲတာဆိုရင်တော့ အားလုံးလုပ်လို့ပြီးပါပြီ Project ကို Build & Run လုပ်ဖို့ပဲကျန်ပါတော့တယ်။ Driver တော့သွင်းထားဖို့လိုတယ်နော်။ Driver နဲ့ပတ်သက်ပြီးအဆင်မပြေရင်လဲပြောပါ ကျနော် လက်ရှိသုံးနေတဲ့ Driver က ဖုန်းတော်တော်များများ အဆင်ပြေပါတယ် OPPO Vivo MI အကုန်အဆင်ပြေပါတယ်။

Sign In or Register to comment.