jQuery အကြောင်းဆွေးနွေးခြင်လို့ပါ။

ကျနော်တို့ jQuery သုံးပြီး ajax method နဲ့ php file ကို လှမ်းပြီး ဖတ်လိုက်ပါတယ်။ အဲဖတ်လို့ရလာတဲ့ result ကို div tags အတွင်းမှာ html အနေနဲ့ ပြလိုက်ပါတယ်။ အဲ return မှာ ပါတဲ့ဟာတွေက div tags တွေပါပဲ ဒါပေမဲ့ အဲ div tags ကို id ပေးလိုက်ပါတယ်။

အဲပေးလိုက်တဲ့ id တွေကို jQuery ကနေ လှမ်းပြီး onClick လုပ်ချင်ပါတယ်။ အရင်ကတော့ div tags ထဲမှာ onclick method နဲ့ method နာမည်ထည့်ပေးလိုက်ပေမဲ့ method ကို $(document).ready(function(){}); အဲ ထဲမှာရေးထားရင် အဲ method ကို မသိလို့ အပြင်မှာ method ရေးမှ သိလို့ပါ။ အခုဟာက id ကို ဖမ်းချင်ပါတယ်။ အဲတာအတွက် အဆင်ပြေနိုင်ပါ့မလား မသိဘူး။

အောက်မှာ ကျနော်စမ်းရေးထားတဲ့ Code ကိုပြပေးထားပါတယ်။ ကျနော်ရေးထားတဲ့ code က id တွေကိုမရဘူးဖြစ်နေလို့ပါ။

https://github.com/kyawhtut-cu/coding-asked/blob/master/server-response

အပေါ်ကကုဒ်က server ဘက်က return ပြန်လာတဲ့ code ပါ။ အဲကောင်ကို jQuery မှာ id ဖမ်းချင်ပါတယ်။ Googling လုပ်လို့ရတဲ့ method တွေကလဲ id က မရဘူးဖြစ်နေပါတယ်။

Comments

  • if you want to work with id in jQuery............it's like this..
    $(document).ready(function(){
    $('#group_1').click(function(){
    /* your code */
    });
    });
  • @Thantzin အဲ code နဲ့ဖမ်းလို့မရဘူးခဗျ။ ဖမ်းလဲ click ရင်အလုပ်မလုပ်ဘူး ကျနော်က loop ပတ်ပြီးဖမ်းချင်တာခဗျ။ ကျနော်တို့ id ကဘယ်နှစ်ခုပြန်လာမလဲမသိဘူး။ ပြန်လာတဲ့ id အရေအတွက်ပေါ်မူတည်ပြီး action ထည့်ပေးရမှာပါ။

Sign In or Register to comment.