Android Application ရေးရန် Environment Setup ပြုလုပ်ခြင်း

edited May 28 in Android

Android application ​​ရေးမည့်် ကျောင်းသား / ကျောင်းသူများအတွက် development environment နှင့် Sdk များ ၊ Library များ အဆင်သင့်ဖြစ် စေရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ထားရပါမယ်။
အဆင့်တိုင်းနီးပါးမှာ Internet Connection လိုပြီး data ကုန်မှာဖြစ်တဲ့အတွက် wifi connection ရှိတဲ့ နေရာမှာလုပ်ရင် အကောင်းဆုံးဖြစ်ပါတယ်။

Android Studio install ပြုလုပ်ခြင်း

  • https://developer.android.com/studio/ မှတဆင့် Android Studio ကို download လုပ်ပါ။
  • (Android Studio zip file ကို သူငယ်ချင်းတစ်ယောက်ယောက်ဆီမှာ ရှိပြီးသားဆိုလျှင် ထို file ကိုပဲ ကူးပြီးသုံးနိုင်ပါတယ်။)
  • android-studio-ide-173.4720617-linux.zip အမည်ဖြင့် Downloads folder ထဲမှာ မြင်ရမှာ ဖြစ်ပါတယ်။
  • ထို zip file ကို right click ထောက်ပြီး extract here ကို နှိပ်ပါ။

  • android-studio အမည်နှင့် folder တစ်ခုရမှာဖြစ်ပါတယ်။
  • android-studio folder အတွင်းရှိ bin folder အောက်ကိုဝင်ပါ။
  • folder အတွင်း right click နှိပ်ပြီး Open in terminal ကိုနှိပ်ပါ

  • terminal တွင် ./studio.sh ဟုရိုက်ပြီး Android Studio ကို run ပါ။
  • Android Studio မှပြသည့် အဆင့်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားပါ။
  • Android Studio က Sdk များကိုပါ install လုပ်ပေးပြီး Internet Connection ရှိလိုအပ်ပါတယ်။
  • Sdk တွေက file size ကြီးတဲ့အတွက် အချိန်ကြာမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် wifi ရှိတဲ့နေရာမှာ setup လုပ်သင့်ပါတယ်။

Sample Project ကို Build လုပ်ခြင်း

  • ဒီအဆင့်ကို ဆက်လုပ်ဖို့အတွက် git setup လုပ်ပြီးသားဖြစ်ဖို့ လိုအပ်ပါတယ်။
  • Project သိမ်းလိုသည့်နေရာတွင် terminal ဖွင့်ပြီး git clone https://gitlab.com/anntphyothwin/hello-world.git command ဖြင့် git project ကို clone လုပ်ပါ။
  • Android Studio ရဲ့ အပေါ်မှာရှိတဲ့ Menu bar က တစ်ဆင့် File > Open ကိုနှိပ်ပါ။
  • ရှေ့အဆင့်မှာ git clone လုပ်ခဲ့တဲ့ folder ကို ရွေးပေးပါ။

  • Project ဖွင့်ပြီးလျှင် Android Studio က Project ကို auto build လုပ်ပေးမှာ ဖြစ်ပါတယ်။
  • Toolbar မှာရှိတဲ့ တူပုံသဏ္ဌန် Build icon ကို နှိပ်ပြီးတော့လဲ build လုပ်နိုင်ပါတယ်။

  • Build successful ဖြစ်တာနဲ့ အစိမ်းရောင် Play button ကိုနှိပ်ပြီး Sample App ကို run ကြည့်လို့ရပါပြီ။

အခက်အခဲ တစ်စုံတစ်ရာရှိလျှင် ဖြစ်စေ ၊ နားမလည်လျှင်ဖြစ်စေ ပြန်လည်မေးမြန်းနိုင်ပါတယ်။

Sign In or Register to comment.