Fundamental of Networking ပထမဆုံး အခြေခံ

ကျောင်းဝင်း (သို့) စီးပွားရေးလုပ်ငန်းရဲ့ LAN (local area network) သာမက internet တစ်ခုလုံးကို နောက်ကွယ်ကနေ power ပေးထားတာ။ ကွန်ပျူတာတလုံး နဲ့ နောက်ကွန်ပျူတာတစ်လုံး ကို ဆက်သွယ်ဖို့၊ ကွန်ပျူတာတလုံး နဲ့ ဆာဗာကို ဆက်သွယ် ချိတ်ဆက်ဖို့ အခြေခံအကျဆုံး Network connectivity ရနေဖို့လိုတာပေါ့။

စဥ်းစားကြည့်ရအောင်။
အဝေးမှာရှိတဲ့ သူဆီ ပေးပို့ချင်တဲ့အချက်အလက် (packet) တစ်ခုက ပေးပို့သူ ကနေပြီး လက်ခံသူဆီ ရေက်အောင် ဘယ်လို ပို့တာလဲ?
အကယ်၍ အဝေးဆိုတာ ပြည်တွင်းမဟုတ်ဘဲ ပြည်ပဆိုရင်ရော?
local area network ကိုဘယ်လို ဖန်တီးတည်ဆောက်ထားတာလဲ?
ပေးပို့ချင်တဲ့အချက်အလက် (packet) တစ်ခုက လက်ခံသူကို ရှာမတွေ့ရင် ဘာလုပ်လိုက်သလဲ။
Facebook server ဆီကိုဘယ်လို ရောက်အောင်သွားတာလဲ?
internet တစ်ခုလုံးကိုဘယ်လို ဖန်တီးတည်ဆောက်ထားတာလဲ?

... စတဲ့ knowledge ေတွကို အကျယ်တဝင့် ဆွေးနွေးသွားပါမယ်။

campus network တစ်ခုတည်ဆောက်ဖို့၊ internet ရဲ့ အစိတ်အပိုင်းကို တည်ဆောက်ဖို့၊ စာတွေ့လက်တွေ့ လုပ်ရမယ်။

Comments

  • Network ပေါ်မှာ သွားနေတဲ့ အချက်အလက် (packet) တစ်ခုကို ကြည့်ရအောင်။
    low level က Mac address ကိုကြည့်ပြီး ပေးပို့ သွားလာရပါတယ်။ data ကို Ethernet Frame တစ်ခုအနေနဲ့ တည်ဆောက်ထားပါတယ်။ (slide 2 ကိုကြည့်ပါ။) လက်ခံသူ destination MAC addres ကစပြီး ပေးပို့သူရဲ့ source MAC address ပါပါတယ်။ လက်ခံသူ destination ဆိုတာ အနီးစပ်ဆုံး Switch သို့ Router စတဲ့ Network device ကို အသုံးပြုပါတယ်။

    Sender PC (1) ---ethernet frame---Switch A (2)----- Router (3)----- Switch B (4)----- Receiver (5)
    ethernet frame မှာ Destination က Switch A ရဲ့ MAC, Source က Sender PC ရဲ့ MAC ဖြစ်မယ်။

    https://drive.google.com/open?id=1J1yuuV_T0PLPIwN4SS0ATMJHWQVSKB-3
    (Friday နေ့က Online lesson မှာ ရှင်းပြသွားတာ)

    MAC Header (source, destination အချက်အလက်) ပြီးရင် ပို့ချင်တဲ့ Data, နောက်ဆုံးပိတ် က အချက်အလက် မှန်မှားစစ်ဖို့ CRC checksum ပါမယ်။

  • edited May 12

    Switch တစ်လုံးရဲ့ အဓိက အလုပ်လုပ်တာက ရောက်လာတဲ့ Ethernet Frame ကို ဆက်သွားရမဲ့နေရာကို ပေးပို့ဖို့ပဲ။
    အဲလိုလုပ်ဖို့ switch ရဲ့ ဘယ်အပေါက်မှာ ဘယ်စက် (စက်MAC address) ကို သိဖို့လိုတယ်။ ဒါမှ Ethernet frame ကို ဘယ်အပေါက်ကနေ ပို့ရမယ်ဆိုတာကို သိမယ်။

    slide #4 ကို ကြည့်ပါ။ switch ရဲ့ port #1 မှာချိတ်ထားတဲ့ PC-A က port #3 မှာချိတ်ထားတဲ့ PC-B ဆီကို data ပေးပို့တယ်။
    Step 1 မှာ PC-A က Ethernet Frame ဝင်လာတော PC-A ရဲ့ MAC ကို switch က သိသွားပြီ။
    step 4 မှာ PC-B ရဲ့ Ethernet Frame ပြန်လာတော့ Step 5 မှာ PC-B ရဲ့ MAC ကို switch က သိသွားပြီ။ ဒါဆို MAC learning လုပ်ထားတဲ့အတွက် PC-A နဲ့ PC-B ဆိုရင် switch က data ကို ပေးပို့လို့ ရသွားပြီ။

    ဆက်လက်ပြီး MAC addres ရဲ့ structure ကို လေ့လာ ကြည့်ပါ။

  • အပေါ် စာပိုဒ်နှင့် တွဲကြည့်ရန်။

    slide #4

    တစ်ဖိုင်လုံး
    https://drive.google.com/open?id=1J1yuuV_T0PLPIwN4SS0ATMJHWQVSKB-3

Sign In or Register to comment.