Machine Learning Resources

edited May 11 in Machine Learning

ကျွန်တော် ပထမဆုံးတွေ့တဲ့နေ့က ပြောခဲ့သလိုပါပဲ Machine Learning ကို လေ့လာတော့မယ်ဆိုရင် အခြေခံခိုင်ဖို့အတွက် ပုိင်နိုင်ကျွမ်းကျင်ရမယ့် အခြေခံတွေရှိပါတယ်။ အဲဒီထဲကမှ သင်္ချာဆိုလို့ လန့်သွားစရာလဲမလိုပါဘူး။ အားလုံးက သိပြီးသားတွေကိုပဲ ပြန်ပြီးလေ့လာအသုံးချရမှာပါ။

အခုပိုစ့်မှာတော့ ပထမအပတ်အတွက် လိုအပ်မယ့် သင်ထောက်ကူဖြစ်မယ့် စာအုပ်တွေ၊ ဗီဒီယိုလေးတွေတင်ပေးလိုက်ပါတယ်။ သူ့အပတ်လိုက် သက်ဆိုင်ရာ သင်ခန်းစာတွေကို ဒီပိုစ့်အောက်မှာပဲ ဆက်တင်ပေးသွားမှာဖြစ်လို့၊ အပတ်စဉ်ဒီပိုစ့်ကိုပဲ ဝင်ကြည့်ပေးကြပါ။

ဒီမှာပေးထားတဲ့ ဗီဒီယိုတွေ၊ စာအုပ်တွေက လိုအပ်တဲ့ သင်္ချာတွေကို စာနွှေးတဲ့အနေနဲ့ သင်ထောက်ကူအနေနဲ့သာ အသုံးပြုမှာဖြစ်ပါတယ်။ Machine Learning အကြောင်းစရင်တော့ နောက်တစ်မျိုးစီစဉ်ပေးပါဦးမယ်။

  1. Essence of Linear Algebra by 3Blue1Brown

ဒီသင်ခန်းစာမှာ ဗီဒီယို အပိုင်း ၁၅ ခုပါပါတယ်။ အကုန်ကြည့်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်နားမလည်တဲ့အပိုင်းတွေကို အလေးပေးပြီး ကြည့်နိုင်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ ရှင်းပြတဲ့အခါမှာ ပုံတွေနဲ့ သေချာရှင်းပြတဲ့ အတွက် သင်္ချာပုံသေနည်းကိုသိရုံတင်မဟုတ်ဘဲ၊ ဘာကေြာင့် ဒီပုံသေနည်းတစ်ခုဟာ မှန်ကန်တယ်၊ အလုပ်လုပ်တယ်ဆိုတာကိုပါ သိနိုင်မှာပါ။ စကားပြောတာ ဖြေးဖြေးနဲ့ လွယ်လွယ်ရှင်းပြထားလို့ စာအုပ်ဖတ်ရတာထက် အများကြီးလွယ်ပါလိမ့်မယ်။

ပထမအပတ်မှာ အလေးပေးပြီးကြည့်စေချင်တဲ့ ဗီဒီယိုအပိုင်းတွေကတော့ အပိုင်း ၁ ကနေ အပိုင်း ၆ အထိကို သေသေချာချာ သဘောပေါက်နားလည်သည်အထိ ကြည့်စေချင်ပါတယ်။ နားမလည်ပဲ ကျော်ပြီး မကြည့်ဖို့ တိုက်တွန်းပါတယ်။

ကျန်တဲ့အပိုင်းတွေကိုတော့ အချိန်ရရင် ရသလို၊ စိတ်ဝင်စားရင် ဝင်စားသလို ကြည့်နိုင်ပါတယ်။ အရမ်းကြီးမလိုအပ်ပေမယ့်၊ ကြည့်ရှုပြီး နားလည်သဘောပေါက်ထားတဲ့သူအတွက်တော့ အချိန်ကြာလာလေအကျိုးရှိလေ ဖြစ်မှာပါ။

  • ဗီဒီယိုတွေကို ဒီမှာ ကြည့်နိုင်ပါတယ် ->

အကြံပြုချက်။ ။ တစ်ယောက်ချင်းစီ download ဆွဲမယ့်အစား၊ တစ်ယောက်ထဲက download ဆွဲပြီး အားလုံးကို ဖြန့်ပေးလိုက်ရင်ပိုကောင်းပါလိမ့်မယ်။

  1. Linear Algebra Lecture slides and book by Ian Goodfellow

Google မှာ လက်ရှိအလုပ်လုပ်နေပြီး၊ Machine Learning လောကထဲမှာ အတော်ဆုံးထဲက တစ်ယောက်ဖြစ်တဲ့ Ian Goodfellow စာသင်တဲ့အချိန်တုန်းက သုံးခဲ့တဲ့ Slides တွေဖြစ်ပါတယ်။ Deep Learning/Machine Learning နဲ့ တကယ်သက်ဆိုင်တဲ့ လိုအပ်တဲ့ သင်္ချာတွေကိုပဲ ပြန်လည်ရှင်းပြထားတာမလို့၊ သူ့ကိုတော့ အစအဆုံးဖတ်ကြည့်ကြည့်ဖို့လိုပါတယ်။
သူကတော့ အမြဲတမ်းပြန်ကြည့်ဖို့၊ စာပြန်နွှေးတဲ့အနေနဲ့ အမြန်ပြန်ကြည့်ဖို့ သုံးလို့ရပါတယ်။ နားလည်လွယ်အောင် သေချာရှင်းပြထားလို့ လွယ်လွယ်ကူကူလိုက်လုပ်နိုင်မှာပါ။

လေ့ကျင့်ခန်းအနေနဲ့ ဒီဗီဒီယိုတွေ၊ စာအုပ်တွေ ကြည့်ပြီးရင်လည်း ကျောင်းသင်္ချာစာအုပ်က လေ့ကျင့်ခန်းတွေကိုလက်နဲ့ချတွက်ကြည့်ပါ။
စစ်ဆေးဖို့ မေးခွန်းတွေကိုတော့ ဆရာမတို့ဆီ သီးသန့်ပို့ပေးထားပါမယ်။

Sign In or Register to comment.